Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

Holiday and circus

တင်ပြသူ Kyaw Htin Sunday 31 January 2010

စာမေးပွဲတွင်းမို့ ပို့စ်မရေးဖြစ်တာလည်းတော်တော်ကြာသွားပါပြီ
ဒီနေ့တော့ စာမေးပွဲပြီးလို့ ကျောင်းအားရက်လေးအတွင်းမှာ circus သွားကြည့်ဖြစ်တာလေးကိုဗဟုသုတအဖြစ်ကော
သတင်းရယူတဲ့အနေနဲ့ကော ရေးဖြစ်လိုက်တာလေးပါ.။
circus ကြည့်ဖြစ်တာတော့ ကံဘဲထူးလို့လားတော့မသိဘူး
အစကသွားဖို့အစီအစဉ်မရှိဘူး အဲဒီပွဲကြည့်ဖို့က လက်မှတ်ကကြိုမှာရတာ
အမှန်တကယ်က ပိုက်ပိုက်မရှိတာလေ :)
ဖြစ်ချင်တော့ အဲဒီနေ့မှာက ကျောင်းက ညီငယ်တွေကို Excursion အနေနဲ့ ဆပ်ကပ်ပွဲကြည့်ဖို့ကျောင်းကလုပ်ပေးပါတယ်
အဲဒီမှာ ညီငယ်အဖွဲ့ထဲမှာပါတဲ့ သူငယ်ချင်းတစ်ယောက်က ခရီးသွားရမှာပျင်းတယ် ကိုယ်စားလိုက်သွားပါဆိုတော့
မှုတ်ဆိတ်ပျားစွဲတယ် ဆိုမလားဘဲ ..သဘောတူလိုက်တယ် (နဂိုကတည်းကသွားချင်နေတာကို :) )
ဆပ်ကပ်ရုံကတော့ Moscow မှာရှိတဲ့ မော်စကိုမြို့တော်တက္ကသိုလ် နားလေးမှာပါ..
ကျွန်တော်တို့မြို့နဲ့ကျတော့ အလှမ်းဝေးတော့ အဲဒီပွဲတွေသွားချင်ရင်တောင်တကူးတက ကားတလှည့် မီးရထားတလှည့်နဲ့ဒိုးရတာ
အဲဒီနေ့က Excursion ဆိုတော့ ကျောင်းကားနဲ့တန်းပို့ပေးတယ် ဆပ်ကပ်ရုံနေ/ရာကို ဒီတာ့ခရီးသွားရတာမပူ၇တော့ဘူးပေါ့
ညနေကိုဒိကနေ ၅နာရီလောက်ထွက်ပါတယ် ဟိုကိုရောက်တော့ ၆း၃၀လောက်ရောက်တယ်..ပွဲက ရး၀၀နာရီမှာစပြမှာဆိုတော့
ဆပ်ကပ်ရုံထဲဝင်ပြီး ဟိုလိုက်ငေးဒီလိုက်ငေးလုပ်နေလိုက်တယ်..ရုံတွင်းထဲမို့လားမသိဘူး
ဈေးဝယ်တော့လည်းအပြင်ထက် နှစ်ဆပိုဈေးကြီးတယ်..
အဲဒီမှာတွေးမိလိုက်တာက လူစည်တဲ့နေရာတိုင်း ကုန်ဈေးနှုန်းကလည်းတက်ပါလားလို့ :)
ကျွန်တော်တို့နိုင်ငံက လေဆီပ်မှာကုန်ဈေးနှုန်းတွေမြင့်တာ မပြောနဲ့ ကျန်တဲ့တိုင်းပြည်တွေဆိုလည်း လေဆိပ်ရောက်ရင်နှစ်ဆတောင်ပိုတက်သေး ..သိပ်မပြောရဲဘူး တော်ကြာမြန်မာလေဆိပ်က ဈေးသည်တွေကုန်ဈေးနှုန်းလိုက်တက်ကုန်မှ :)
ပွဲစခါနီး၁၀မိနစ်လောက်မှာ လက်မှတ်ပြပြီးခုံနေရာကိုရှာပြီးဖြစ်နေပါပြီ
ထိုင်ရတဲ့ခုံကလည်း ဈေးနှုန်းကြီးကြီးပေးပြီးဝယ်ထားရလို့ထင်ပါတယ် ကိုယ်ရဲ့နောက်မှာ နံရံဘဲရှိတော့တယ် :)
၇း၀၀ နီာထိုးတော့ ဆပ်ကပ်စပါပြီ...
ဆပ်ကပ်စင်ကတော့ ပေ၅၀ ၆၀စာအ၀ိုင်းလေးပါဘဲ..
အဲဒီနေရာပွဲကြည့်စင်ကို စက်ဝိုင်းပုံဝိုင်းပြီးဆောက်ထားတာ ကျွန်တော်တို့အတန်းအထိအောင်ဘဲ
ပြောစရာတော့ကျန်တာပေါ့ အဆင့်မြင့်ဆုံး( အမြင့်ဆုံး) အတန်းမှာထိုင်လာတာဆိုပြီးလေ...။
ဆပ်ကပ်ကိုတော့ Happy New Year အထိမ်းအမှတ် ဇာတ်လမ်းလေးနဲ့တွဲဖက်
တခန်းပြီးတခန်းပြသွားပါတယ်..အကောင်တွေလည်းပေါင်းစုံပါဘဲ ကိုမမြင်ဘူးတဲ့ ကုလားအုတ်တွေ
ဖျံတွေ မြင်းကျား စတဲ့လိမ္မာတဲ့ တိရိဆာန်တွေနဲ့ တခန်းပြီးတခန်းတစ်လှည့်စီတင်ဆက်ပေးတာပါ..။
ဆပ်ကပ်ပွဲကြည့်ပြီးတွေးမိတာလေးကတော့ ဒီနိုင်ငံက လုပ်သွားတဲ့ ဆပ်ကပ်တွေမှာနည်းပညာအသုံးချမှုအပိုင်းအရမ်းကောင်းတယ်လို့
သုံးသပ်မိတယ်..။ကပြတဲ့သူကလည်းကပြတဲ့အလျောက်..ကြိုးဆွဲမှုကလည်းကောင်း ဆလိုက်ကလည်းမျိုးစုံနဲ့လိုက်ဖက်တောင်မီးထိုးနိုင်မှု ဂီတကလည်း လိုက်ဖက်တဲ့တီးလုံးအတိုင်းကွက်တိဘဲလုပ်ဆောင်တော့
ကျွန်တော်တို့ခဗျာတော့ ပါးစပ်အဟောင်းသား လက်ခုပ်တီးမပြတ်တောင်ဖြစ်မိပါတယ်..။
ဒီလိုတင်ဆက်မှုတွေကောင်းလို့လည်း နေ့တိုင်းနီးပါးပြနေတဲ့ဆပ်ကပ်ရုံကြီး ပွဲတိုင်းမှာလူပြည့်တာလည်းမဆန်းပါဘူး
ဆပ်ကပ်ပြပွဲမတိုင်မီနဲ့ ဆပ်ကပ်နားနေစဉ်ခဏမှာ ရုံအတွင်းမှာလည်း တိရစ္ဆာန်လိမ္မာတွေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်..။စတဲ့ဝန်ဆောင်မှုတွေပေူထားတော့ ကလေးတွေလည်းကြိုက် ဆယ်ကျော်သက်တွေလည်းအကြိုက်ပေါ့
ကဲပါ ပြေတာလည်းများသွားပြီထင်ပါတယ်..
နောက်ဆုံးနေနဲ့ ဒီပို့စ်လေးကိုဖတ်ရကျိုးလည်းနပ်အောင် ကျွန်တော်တို့ရိုက်လာတဲ့ Movie လေးတစ်ခုကို
ကိုယ်တိုင် youtube ပေါ်တင်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
ဖျံလိမ္မာလေးရဲ့ပြကွက်တစ်ခုပါ ..ကြည့်လို့ရတဲ့နိုင်ငံတွေရှုစားအားပေးသွားပါအုံး
အားအပေးအခံရဆုံးပြကွက်တစ်ခုလည်းဖြစ်ပါတယ်..





အားလုံးကိုလေးစားလျှက် .....
မောင်ပညာ

Type the rest of your post here.

Photo Comander 7 and Easy photo recovery

တင်ပြသူ Kyaw Htin Wednesday 13 January 2010

ဒီနေ့တော့ Photo Comander 7 and Easy photo recovery ဆိုတဲ့
Photo Deign ပြင်ဖို့ရာနဲ့ ပျောက်နေတဲ့ ဖြတ်မိတဲ့ ဓာတ်ပုံတွေကိုပြန်လည်ရယူနိုင်တဲ့ဆော့လ်ဝဲလေးတွေပါ..
စာမေးပွဲကာလထဲရောက်နေလို့ ပို့စ်အသစ်တွေမတင်ဖြစ်တာကို ခွင့်လွတ်ပေးစေလိုပါတယ်..
ဒီလကုန်လောက်မှာမှ ပို့စ်အသစ်တွေကို တင်ပြပေးသွားပါမယ်..
ကဲလောလောဆယ်တော့..





ပထမဦးဆုံး Photo comander 7 ဆော့ဝဲလ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
ဒီဆော့လ်ဝဲကတော့ Portable အမိုးအစား Photo software လေးပါ..
ဓာတ်ပုံကို Photoshopအတိုင်း အလွယ်တကူပြုပြင်နိုင်တဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..
active key ကို ရက် ၃၀ Free ရဖို့ဆော့လ်ဝဲ run ပြီး
obtain your free code 30 day trial period ကနေသွားပြီး gmail အကောင့်ဖြည့်ပြီး
ရက် ၃၀ free account ရယူနိုင်ပါတယ် စမ်းသပ်ကြည့်ပါလို့တိုက်တွန်းလိုပါတယ်
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ..
DOWNLOAD











နောက်ထပ်ဆော့လ်ဝဲလေးကတော့ ပျောက်နေတဲ့ Photo တွေကိုအလွယ်တကူ Recover လုပ်နိုင်တဲ့
ဆော့လ်ဝဲလေးဖြစ်ပါတယ်..သူကတော့ KEY မလိုပါဘူး
အဆင်ပြေပါစေဗျာ ဆော့လ်ဝဲလေးကတော့အောက်မှာပါ...
DOWNLOAD
see u next month :(

Type the rest of your post here.

VGA Graphics Problem (2)

တင်ပြသူ Kyaw Htin Saturday 2 January 2010










ဒီနေ့ပို့စ်လေးကတော့ အရင်နေ့က ရေးခဲ့တာရဲ့အဆက်ပေါ့
ကျွန်တော့်ရဲ့ ကွန်ပျူတာလေး Window 7 ရဲ့ကောင်းမှုကြောင့် VGA လစ်သွားတယ်
Window အသစ်တင်လေ မရလေနဲ့ပေါ့...
ဘာကြောင့်ဖြစ်နေတယ်ဆိုတာကို သိပြီးနောက် VGA ကိုဖြုတ်ပြီးသုံးနေမိတယ်..
ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ Motherboard driver ဆော့လ်ဝဲမှာ
Graphic အတွက် driver ဆော့လ်ဝဲကပါမလာဘူး
ဒီတိုင်းဘဲ ဂရပ်ဖစ်မပါဘဲ သုန်သုန်မှုန်မှုန်ပေပေတေတေနဲ့ ဆက်သုံးနေလိုက်တယ်..
ကိုကထင်ထားတာက အော် ကို့ Motherboardက Graphic ကိုထည့်မထားလို့နဲ့တူပါတယ်လို့ :)
တော်တော်များများ board တွေကျတော့ ဒီတိုင်း Graphic Card VGA စိုက်စရာမလိုဘဲနဲ့ကို
CD ခွေထဲမှာကို Driver auto run ပေးထားတော့
အသုံးပြုလို့ကောင်း ဂီမ်းတိုက်လို့ကောင်းနေတာကို တွေ့ရတာကို .:(
ခုသုံးနေတဲ့ Board မှာက Processor ကCore 2Dudo E4600 ဆိုတော့
core2 quad လောက်ဆင်နိုင်တဲ့ Board ကိုအကြွေးတင်ခံပြီးဝယ်ရကောင်းမလားတောင်စိတ်ကူးမိသေးတယ်
Graphic ကောင်းကောင်းလေးသုံးလို့လည်းရအောင်လို့လေ..
လခစား ပညာတော်သင်လည်းဖြစ်နေတော့ Electronics ပစ္စည်းဝယ်မယ်ဆို ကြိုစုထားပြီးဝယ်မှဖြစ်မှာ တော်ကြာဖြုန်းစားကြီးကောက်ဝယ်ထားလိုက်လို့တော့
ဒီမောင်ခဗျာ အဲဒီတလတော့ ခေါက်ဆွဲနဲ့နှပါးသွားရပြီသာမှတ် :)
ပြောတာတွေများသွားပြီထင်တယ်
အဲဒီပြဿနာဖြေရှင်းနိုင်ဖို့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီနဲ့အကြံဥာဏ်ရလိုက်တာပါ
သူအကြံပေးတာတော့ အင်တာနက်မှာရှာပြီး Graphics အတွက်ပြဿနာကိုဖြေဂှင်းကြည့်ပါလားတဲ့
ကျွန်တော်လည်းအကြံရပြီး သူငယ်ချင်းပြောတဲ့အတိုင်းရှာဖွေကြည်ပါတယ်
ကျွန်တော် Motherboard က ESC ELITEGROUP ကထုတ်တဲ့
Intel G33T-M2 အမျိုးအစား ဖြစ်ပါတယ်..ဆော့်လ်ဝဲတစ်ခုတော့တွေ့ပါတယ်..
ဆော့လ်ဝဲကိုတော့ အောက်ကလင့်မှာရှာပြီး
ချလိုက်ပါတယ်…
အဲဒီအမျိုးအစားအတွက် Intel(r) Graphics Media Accelerator driver ဆိုတဲ့ XP အတွက်သုံးနိုင်တဲ့
ဆော့လ်ဝဲ Driver လေးပါ.. ကျွန်တော်ရဲ့ Motherboard အမျိုးအစားချင်းတူတဲ့သူများ
အောက်ကလင့်ကနေချလိုက်ပေါ့ အဆင်ပြေသွားတာပေါ့..:)


http://www.intel.com/support/graphics/intelg33/#anchor4

အဓိကပြောချင်တာကတော့ ကျွန်တော့်လိုမျိုး Graphics Card စိုက်ပြီးသုံးရင်းနဲ့ VGA ပျက်သွားသူများနဲ့
Motherboard CD မှာ Graphics driver ထည့်မပေးထားရင် အထက်ပါအတိုင်း
ASUS ဆိုရင် ASUS , Intel ဆို Intel Board အမျိုးအစားအလိုက် သူတို့ရဲ့ ဆိုက်များမှာ
သွားရှာပြီးဒေါင်းလွတ်ချပြီး အသုံးပြုစေလိုပါတယ်.
အဲဒီဖြေရှင်းပြီး Download ချ Run ပြီးတဲ့နောက် Graphics speed လည်းကောင်းလာပါတယ်
Card စိုက်ထားတဲ့နီးနီးပြန်ကောင်းလာတာပါ ဆိုက်တွေမှာလည်းအဲဒီ ဆော့လ်ဝဲတွေဆို
Free ပေးပါတယ် ကျွန်တော်တို့လိုလူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် :)
Notebook သမားတွေဆိုလည်း ထိုနည်းတူ Driver မှမဟုတ်ပါဘူးအမျိုးအစားလိုက်ရှိထားသင့်တဲ့
ဆော့ဝဲလ်တွေ လိုအပ်တဲ့ဆော့လ်ဝဲတွေကို Produce လုပ်တဲ့ကုမ္မဏီတွေရဲ့ဆိုက်တွေမှာ သွားပြီးရှာဖွေသင့်
စုဆောင်းသင့် ရီက္ခာအပြည့်ဖြည်းတင်းပြီး Driver ပြည့်စုံစွာနဲ့အလုပ်လုပ်နိုင်စေရန်
ရည်သန်လျှက် ကျွန်တော့်ရဲ့ နောက်ဆက်တွဲပို့စ်ကို
အဆုံးသတ်လိုက်ပါတယ်...

(ချွင်းချက် ။ ။ အထက်ပါပို့စ်နှစ်ခုသည် ကျွန်တော့်ဖြစ်ခဲ့သော ပြဿနာကို ကျွန်တော့်အနေနဲ့ဖြေရှင်းခြင်း
တွေးထင်ခြင်း နှင့် အကြံပေးခြင်းသက်သက်သာ ဖြစ်ပါတယ် လိုအပ်တာတို့ အမှားအယွင်းများရှိရင် ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျ။ )
လေးစားစွာဖြင့်
မောင်ပညာ (MIET)



Type the rest of your post here.

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar